အသုံးပြုနည်း
ရှာဖွေလိုသည့် မြို့နယ်အမည်ကို Search Bar တွင် မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြည့်သွင်းပြီး ရှာဖွေနိုင်ပါသည်။ ဥပမာ သီပေါမြို့နယ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှာဖွေလိုပါက မြန်မာဘာသာ “သီပေါ” ၊ အင်္ဂလိပ်ဘာသာ “Hsipaw” ကို ထည့်သွင်းပြီး ရှာဖွေနိုင်ပါသည်။ ဤစာမျက်နှာ၏ လက်ဝဲဘက်ရှိ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အမည်ကို Click လုပ်ပြီး မြို့နယ်များကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အလိုက် ရှာဖွေကြည့်ရှုနိုင်ပါသည်။
မှတ်ချက်
- ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တည်ရှိနေသည့် မြို့ပြမြို့နယ်များတွင် ကျေးရွာဖွဲ့စည်းမှု မရှိပါ။ သို့ဖြစ်၍ ထိုမြို့နယ်များ၏ Page များတွင် ကျေးရွာပြမြေပုံကို ရယူနိုင်မည် မဟုတ်ပါ။ GSM Dev Team အနေဖြင့် အဆိုပါ စည်ပင်သာယာရေး နယ်နိမိတ်ဝင်မြို့နယ်များ၏ ရပ်ကွက်အဆင့် မြေပုံများကို ဖော်ပြနိုင်ရန် ဆက်လက် ဆောင်ရွက်နေပါသည်။
- ထို့အပြင် မြန်မာနိုင်ငံ အတွင်းရှိ နာမည်တူမြို့နယ်များ (ပဲခူးတိုင်းဒေသကြီးရှိ မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ထန်းတပင်မြို့နယ်) ၏ GAD Profile များနှင့် ကျေးရွာပြမြေပုံများကိုလည်း စိစစ်ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
- အထက်ပါ ကိစ္စရပ်များမှလွဲ၍ ကျန်မြို့နယ်များ၏ GAD Profile နှင့် ကျေးရွာပြမြေပုံများကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါသည်။